Skip to main content

Posts

Featured

Japan Song Collection.

ဒီတစ်ခါကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ 2013 ခုနှစ်ကထွက်ရှိထားတဲ့ "The Garden of Words" ဆိုတဲ့ Anime Drama Flim ဇာတ်လမ်းလေးထဲက Ending Theme Sountrack တစ်ပုဒ်ဖြစ်တဲ့ "Rain" ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ မိုးရာသီမှာအမှတ်တရတွေ ဘ၀မှာတော်တော်များခဲ့ဖူးမယ့် လူတွေအတွက်တော့ ဒီ SoundTrack လေးက ပိုပြီးခံစားလွယ်စေမှာပါ။ အသက်အရွယ်ကွာခြားတဲ့ အကြောင်းအရာတွေ နဲ့ အတူ  အမှတ်တမဲ့ကနေ အမှတ်တရလေးတွေဖြစ်သွားစေမယ့် အကြောင်းအရာလေးတွေက ဒီ Anime လေးကို ပုံဖော်ပေးနေခဲ့တာပါ။ အချစ်ဆိုတဲ့အရာ တစ်ခုဘယ်ကနေဘယ်လိုပေါက်ဖွားလာပြီး ဘယ်လိုပြန်ပျောက်ကွယ်သွားမလဲဆိုတာတော့ ကျွန်တော်တို့ အားလုံးမသိနိုင်ပါဖူး။ ဒါပေမယ့် ခံစားချက်တွေကတော့ သိနေပါတယ်။ သီချင်းစာသားလေးတွေ အပေါ်မှာ ခံစားမိတာလေးတွေ ကိုပြောပြပေးပါ့မယ်။ အမှားပါခဲ့ရင်လည်း ပြင်ဆင်ပေးပါ။ Anime ကြည့်ဖူးတဲ့သူတွေကတော့ ပိုပြီးတော့ ခံစားမိမယ်ထင်ပါတယ်။ အဆင်မပြေနိုင်တဲ့ ကမ္ဘာကြီးထဲမှာ ဒီနေရာလေးက အေးခဲနေပါတယ် ဒီကမ္ဘာကြီးထဲမှာ အရိုးသားဆုံးဖြစ်ချင်မိတယ် အပြောင်းအလဲတွေထဲက တာဝန်တွေကအရမ်းဆိုးဝါးပါတယ် ညက မိုးရေထဲကမင်းလေးကို ငါပွေ့ ဖက်ထားချင်မိနေတယ်

Latest Posts

100 Kinds of Sushi in Japan ( 1 to 10 )

Japanese Christmas is for Love

Japanese Masks

Daruma

Where Does the Word Sushi Come From?

"Itadakimasu"

Hello Everyone, This is JPN Culture Blog!