Japanese Masks

Japanese Masks
ဂျပန်နိုင်ငံရှိ လူအတော်များများ Mask များတပ်ဆင်ကာသွားလာလှုပ်ရှားမှုနေကြတာကိုတွေ့ မြင်နိုင်ပါတယ်။တစ်ချို့ မှာ cedar allergies ကြောင့်သော်လည်းကောင်း အအေးမိခြင်းကြောင့်သော် လည်းကောင်း Medical Mask များကို  တပ်ဆင်ကြတာဖြစ်ပါတယ်။ ခေတ်မှီ ဆေးဘက်ဆိုင်ရာမျက်နှာဖုံးများ အပြင် ဂျပန်နိုင်ငံရဲ့ မှတ်တမ်းဝင် အစဉ်အလာနဲ့ ပက်သက်တဲ့ မျက်နှာဖုံးတွေဟာလည်း အများအပြားရှိနေခဲ့ပါတယ်။ ယခုတင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ထို စိတ်ဝင်စားဖို့ ကောင်းတဲ့ မျက်နှာဖုံးတွေထဲမှ တစ်ခုဖြစ်တဲ့  Kitsune အကြောင်းပဲဖြစ်ပါတယ်။

1.Kitsune
Kitsune ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ဟာ "မြေခွေး" လို့ သိရှိရပါတယ်။ ဂျပန်နိုင်ငံရဲ့ အစဉ်အလာအရ မြေခွေးဟာ နတ်ဘုရား Inari မှစေလွှတ်လိုက်တဲသံတမန် လို့ လက်ခံကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ဒဏ္လရီထဲတွင် နတ်ဘုရားတွေဟာ မြေခွေးအသွင် ဖန်ဆင်းတတ်ကြတယ်လို့ ရေးသားထားပါတယ်။ တခြားပုံပြင်တွေထဲမှာတော့ မြေခွေးတွေဟာ လှပတဲ့  မိန်းကလေးအဖြစ်ဟန်ဆောင် ကာ လူသားတွေကိုဖမ်းစားတတ်ကြတယ်လို့ ဖော်ပြထားပါတယ်။ ယခု Kitsune မျက်နှာဖုံးဟာလည်း အမျိုးမျိုးသော ပွဲတော်များအတွက်ရေးပါတဲ့ အခန်းကဏ္ထကနေပါဝင်နေစဲဖြစ်ပါတယ်။မြေခွေး မင်္ဂလာဆောင်တဲ့အခမ်းအနားကိုလည်း ကံကောင်းတဲ့အတိတ်နမိတ်အဖြစ်မှတ်ယူကြပါတယ်။







                                    ပုံတွေနဲ့ စာတွေကို japan-talk.com မှ မှီငြမ်းပြီးဘာသာပြန်ပေးထားပါတယ်။
                                                     Arigatou-Gozaimasu. (Yoko)

Comments

Popular Posts