Daruma

Lucky Things in Japan

အခုတစ်ခါဖော်ပြမယ့်အကြောင်းအရာကတော့ ဂျပန်နိုင်ငံက မှတ်ယူထားတဲ့ ကံကောင်းစေတဲ့အရာဝတ္တု ပစ္စည်းလေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ကံကောင်းခြင်းကိုနှစ်သက်ကြပါတယ်။ နိုင်ငံရဲ့ သမိုင်းကြောင်းမှာလည်း ကြီးကျယ်တဲ့ စစ်ပွဲများနဲ့  ငလျှင်ဒဏ် ၊မုန်တိုင်းဒဏ် ၊သီးနှံဆုံးရှုံးမှု ၊ရောဂါ  ၊မီးတောင်ပေါက်ကွဲမှုတွေရှိခဲ့ပါတယ်။ ဒီလို အရာတွေ ကိုကျော်လွှားဖို့ အတွက် ကံကောင်းစေဖို့ မျှော်လင့်ချက်လေးများစွာထဲမှ ထိုအလေ့အထဟာလည်း ဂျပန်ယဉ်ကျေးမှုအတွင်းစတင် ပေါ်ပေါက်လာပါတယ်။
ယခုဆက်လက်ဖော်ပြမယ့်အကြောင်းအရာတွေကတော့ ကံကောင်းစေတယ်လို့ မှတ်ယူကြတဲ့ ပစ္စည်းလေးတွေအကြောင်းပဲဖြစ်ပါတယ်။ ထိုအကြောင်းအရာကို လက်မခံသောသူ အများစုကပင် အစဉ်အလာ (သို့ မဟုတ် ) ယဉ်ကျေးမှုတစ်ရပ်အဖြစ်တန်ဖိုးထားကြတာကို တွေ့ မြင်ရမှာပါ။


1.Daruma
Daruma ဟာ Bodhidharma အဖြစ်လူသိများတဲ့ ၆ယောက်မြောက်ဘုန်းကြီးနဲ့ တူညီတဲ့ ပုံကိုဖော်ဆောင်ထားတဲ့ စက္ကူနဲ့ ပြုလုပ်ထားတဲ့ အရုပ်ဖြစ်ပါတယ်။ Badhidharma ဟာ အေဒီ 5ရာစုနှောင်းပိုင်း အိန္ဒိယနဲ့ တရုတ်မှတဆင့် ဂျပန်ပြည်ကို ဗုဒ္ဓဘာသာထွန်းကားစေခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ကျော်တရားအားထုတ်ခဲ့တဲ့ ဘုန်းတော်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့  Daruma ကိုတီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုအရုပ်တွေကို အစဉ်အလာ အရ ရောင်းချတဲ့အခါ မျက်လုံး ( မျက်ဆံ ) မပါပဲရောင်းချကြပါတယ်။ ၀ယ်ယူတအခါ ရည်မှန်းချက်တစ်ခုကိုထားပြီးတော့ အနက်ရောင် Marker နဲ့ မျက်လုံးတစ်ဖက်ကိုဖြည့်ပေးရပါမယ်။ ရည်မှန်းချက်ပန်းတိုင် ပြည့်ဝသွားမှသာ ကျန်တစ်ဖက်ကိုဖြည့်ပေးရတဲ့အစဉ်အလာပါ။


Daruma ဟာ ၁၇၀၀ပြည့်နှစ် Gunma စီရင်စုအတွင်း Takasaki မြို့ ရှိ Shorinzan Darumaji ဘုရားကျောင်းမှာစတင်ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ထိုအရပ်ဒေသ ဟာပိုးချည်မျှင်တွေထုတ်လုပ်တဲ့ဒေသဖြစ်သလို လယ်သမားတွေဟာလည်း ဘုရားကျောင်းကို အခက်အခဲများပြေလည်စေရန် ကံကောင်းစေတဲ့ အဆောင်တောင်းဆိုရာမှ Daruma ကိုစပြီးပြုလုပ်ခဲ့ကြတာပါ။ ယခုအချိန်ထိ Takasaki မြို့ က ဂျပန်နိုင်ငံရဲ့  80% နှုန်းသော Daruma အရုပ်တွေကိုထုတ်လုပ်နေဆဲဖြစ်ပါတယ်။ Daruma တွေဟာ အလယ်မှာအခေါင်းပါရှိတဲ့စက္ကူနဲ့ ပြုလုပ်ထားတဲ့ အရုပ်လေးတွေဖြစ်ကြပြီး ပုံစံအမျိုးစုံနဲ့ လာတတ်ပါတယ်။ အများစုကတော့ ချစ်ဖို့ ကောင်းတဲ့ပုံစံလေးတွေပါ။ အောက်ခြေမှာ ၀ိတ်ပါရှိပြီး မြန်မာနိုင်ငံက ပစ်တိုင်းထောင်အရုပ်နဲ့ ဆင်ပါတယ်။ Daruma နဲ့ ဆက်စပ်နေတဲ့စကားစုလေးတစ်ခုက
                                             "Nana korobi yaoki"
                                       " Fall down seven times, get up eight"
                                       ခုနှစ်ကြိမ်လဲကျရင် ရှစ်ကြိမ်မြှောက်ပြန်ထပါ ဖြစ်ပါတယ်။
Daruma တွေက ဂျပန်နိုင်ငံရဲ့ ကံကောင်းစေတဲ့ အဆောင်တစ်ခုအဖြစ်သတ်မှတ်ထားတာကြောင့် လွှင့်ပစ်ဖို့ မသင့်တော်ပါဖူး။ January လ ရဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ Dondo Yaki အခမ်းအနားမှာသာလျှင် Daruma တွေကို မီးရှို့ခြင်းကသာ သင့်တော်ပါတယ်။

                                  ပုံတွေနဲ့ စာတွေကို japan-talk.com မှ မှီငြမ်းပြီးဘာသာပြန်ပေးထားပါတယ်။
                                                     Arigatou-Gozaimasu. (Yoko)

Comments

Popular Posts