Japan Song Collection.

ဒီတစ်ခါကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ 2013 ခုနှစ်ကထွက်ရှိထားတဲ့ "The Garden of Words" ဆိုတဲ့ Anime Drama Flim ဇာတ်လမ်းလေးထဲက Ending Theme Sountrack တစ်ပုဒ်ဖြစ်တဲ့ "Rain" ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ မိုးရာသီမှာအမှတ်တရတွေ ဘ၀မှာတော်တော်များခဲ့ဖူးမယ့် လူတွေအတွက်တော့ ဒီ SoundTrack လေးက ပိုပြီးခံစားလွယ်စေမှာပါ။ အသက်အရွယ်ကွာခြားတဲ့ အကြောင်းအရာတွေ နဲ့ အတူ  အမှတ်တမဲ့ကနေ အမှတ်တရလေးတွေဖြစ်သွားစေမယ့် အကြောင်းအရာလေးတွေက ဒီ Anime လေးကို ပုံဖော်ပေးနေခဲ့တာပါ။ အချစ်ဆိုတဲ့အရာ တစ်ခုဘယ်ကနေဘယ်လိုပေါက်ဖွားလာပြီး ဘယ်လိုပြန်ပျောက်ကွယ်သွားမလဲဆိုတာတော့ ကျွန်တော်တို့ အားလုံးမသိနိုင်ပါဖူး။ ဒါပေမယ့် ခံစားချက်တွေကတော့ သိနေပါတယ်။ သီချင်းစာသားလေးတွေ အပေါ်မှာ ခံစားမိတာလေးတွေ ကိုပြောပြပေးပါ့မယ်။ အမှားပါခဲ့ရင်လည်း ပြင်ဆင်ပေးပါ။ Anime ကြည့်ဖူးတဲ့သူတွေကတော့ ပိုပြီးတော့ ခံစားမိမယ်ထင်ပါတယ်။


အဆင်မပြေနိုင်တဲ့ ကမ္ဘာကြီးထဲမှာ ဒီနေရာလေးက အေးခဲနေပါတယ်
ဒီကမ္ဘာကြီးထဲမှာ အရိုးသားဆုံးဖြစ်ချင်မိတယ်
အပြောင်းအလဲတွေထဲက တာဝန်တွေကအရမ်းဆိုးဝါးပါတယ်
ညက မိုးရေထဲကမင်းလေးကို ငါပွေ့ ဖက်ထားချင်မိနေတယ်
လူသူမရှိတော့တဲ့ ဘူတာရုံမှာ ငါတစ်ယောက်ထဲပြေးလွှားပြီး မင်းကိုလိုက်ရှာနေမိပြန်တယ်
ရွာချလာတဲ့မိုးကိုလည်း ဂရုမစိုက်ဖူး
ငါတစ်ယောက်ထဲနေရမှာကိုလည်း ဂရုမစိုက်ဖူး 
မင်းအနားရောက်ဖို့ ကြိုးစားနေချိန်မှာပဲ ထွက်မသွားပါနဲ့  လို့ အော်ပြောလိုက်တယ်။
ငါတို့ ကွဲပြားစွာနေထိုင်ကြပေမယ့် မဆုံးနိုင်တဲ့တူညီမှုလေးတွေလည်းရှိနေပြန်တယ်။
မင်းဆီရောက်ဖို့ အရမ်းဝေးနေတယ်ဆိုရင်တောင် ငါနှုတ်ဆိတ်ပြီးလိုက်နေမှာပါ
တစ်ညညမှာတော့ ငါနင့်အနားရောက်လာမှာပါ
ဒီနေ့ ဆိုတဲ့အရာကြောင့်သာ မနက်ဖြန်ဆိုတာရှိလာတာပါ
ငါနင်နဲ့ ဘယ်လိုကြောင့်မှ အဆုံးမသတ်နိုင်ဖူး...



ဒါကတော့ ကျွန်တော်သီချင်းလေး ကိုနားထောင်ပြီးဖြစ်ပေါ်လာတဲ့ခံစားချက်ကလေးကိုရေးပြထားတာပါ။ Youtube ကနေ နားထောင်ဖို့ အတွက် Link လည်းထည့်ထားပေးပါတယ်။  ပုံမှန်ပြန်ပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကိုတင်ပေးသွားမှာမို့ စောင့်ပြီးတော့ ဖတ်ပေးကြပါဦး။ 
ကျေးဇူးတင်ပါတယ်ခင်ဗျ။  ( Arigatou Gozaimasu )  Yoko ^^
Youtube Link
https://www.youtube.com/watch?v=p4LVez-8P8s

Comments

Popular Posts