Japanese Christmas is for Love


Christmas ပွဲတော်ဟာ ဂျပန်နိုင်ငံမှာ လူကြိုက်များတဲ့ပွဲတော်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံကလူအများစုက Christmas ပွဲတော်ကို ချစ်စရာကောင်းတဲ့ပွဲတော်တစ်ခုလို့ လက်ခံကြလို့ ပါ။ ဂျပန်နိုင်ငံရှိ လူဦးရေရဲ့  1% ကသာ Christian များဖြစ်ကြပါတယ်။

ဂျပန်နိုင်ငံမှာတော့ Christmas ဟာ မိသားစုအတွက်သာမကပဲ ချစ်သူစုံတွဲများရဲ့  Romantic ဆန်တဲ့ညလေးတွေလည်းဖြစ်ကြပါတယ်။ ဒီရက်ပိုင်းမှာတော့ ချိန်းတွေ့ တဲ့ စားသောက်ဆိုင်တွေ နဲ့  ဂျပန်နိုင်ငံက လူသိများတဲ့နေရာတွေ အပြင် love hotel တွေကလည်း အလုပ်ရှုပ်ကြတဲ့အချိန်ပဲဖြစ်ပါတယ်။


 လူငယ်တော်တော်များများက အချင်းချင်း Christmas လက်ဆောင်များကိုတစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ပေးကြပါသေးတယ်။

Christmas နေ့ က အလုပ်ပိတ်ရက်မဟုတ်ကြပေမယ့် ထိုညမှာတော့ စားပွဲသောက်ပွဲတွေအသီးသီးလုပ်ကြပြီးတော့ Single သမားတွေကတော့ အထီးကျန်မှုကိုခံစားရတဲ့အချိန်လည်းဖြစ်နေပြန်ပါတယ်။

Christmas ဟာ ဂျပန်နိုင်ငံအတွက်တော့ Romantic ဆန်တဲ့အယူအဆတစ်ခုလည်းဖြစ်ပါတယ်။ တချို့  Hotel တွေက Christmas Theme လေးတွေနဲ့  ပြင်ဆင်ထားကြတာကိုလည်းတွေ့ မြင်ရမှာပါ။ 


                        ပုံတွေနဲ့ စာတွေကို japan-talk.com မှ မှီငြမ်းပြီးဘာသာပြန်ပေးထားပါတယ်။
                                                     Arigatou-Gozaimasu. (Yoko)

Comments

Post a Comment

Popular Posts